ဗုဒ္ဓဂယာ ၃ညအိပ် ၄ရက်ခရီးစဉ်

Day 1

  
NewDhana Tour | Myanmar

လူကြီးမင်းတို့သည် ရန်ကုန်လေဆိပ်မှ MNA လေကြောင်း လိုင်းဖြင့် နေ့လည် (၁၅:၃၀)နာရီတွင် စတင် ထွက်ခွာပြီး ဂယာ လေဆိပ်သို့ (၁၇:၀၀)နာရီအချိန်ခန့်တွင် ဆိုက်ရောက်ပါမည်။ လေဆိပ်မှ ဗုဒ္ဓဂယာရှိ ဟိုတယ်တွင် Check In ပြုလုပ်ပြီးနောက် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ အရပ်ကို အထိမ်းအမှတ်ပြု တည်ထား ကိုးကွယ်ထားသည့် မဟာဗောဓိစေတီ၊ မဟာဗောဓိပင် မဟာဗောဓိပင် နှင့် ရွှေပလ္လင် (သံဝေဇနိယဌာန ၊ အဝိဇဟိတဌာန) ရွှေပလ္လင်အပါအဝင် သတ္တသတ္တာဟ (၇)ဌာနတို့အား ဖူးမြော်ကာ တရားနာယူကြပါမည်။ ထို့နောက် ဟိုတယ်တွင် ညစာသုံးဆောင်ပြီးနောက် ဗုဒ္ဓဂယာရှိ Royal Residency ဟိုတယ်တွင် အိပ်စက်အနား ယူပါမည်။ (လေယာဥ်ချိန် အပြောင်းအလဲရှိနိုင်ပါသည်)


Day 2

  
NewDhana Tour | Myanmar

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ရာဇဂြိုလ်သို့ ကားဖြင့်ဦးတည်ထွက်ခွာပြီး ရာဇဂြိုလ်ရှိ ဗုဒ္ဓဝင်နေရာများကို ဖူးမြော်ကြပါမည်။ ရတနာဂီရိ တောင်ရှိ ကမ္ဘာ့ငြိမ်းချမ်းရေး အထိမ်းအမှတ်စေတီ နှင့် ဂိဇ္စျကုဋ်တောင်ရှိ ကျောင်းတော်ရာကို ရတနာဂီရိ တောင်ပေါ်မှနေ၍ ဖူးမြော်ပါမည်။ ဗိမ္မိသာရမင်းကြီး၏ ဘဏ္ဍာတော်တိုက်နေရာ၊ ဗိမ္မိသာရမင်းကြီး၏ အကျင်း ထောင်နေရာ၊ ဆရာဇီဝက သရက်ဥယျာဥ်တို့ကို‌ လေ့လာပြီး ဝေဠုဝန် ကျောင်းတော်သို့သွားရောက်၍ တရားဒေသနာများ နာကြားပါမည်။ ထို့နောက် နေ့လည်စာကို ရာဇဂြိုလ်မြို့ ဟိုတယ်တွင် သုံးဆောင်ကြပါမည်။ ထို့နောက် နာလန္ဒာတက္ကသိုလ်ဟောင်း နှင့် အရှင်သာရိပုတ္တရာ ဖွားတော်မူရာနေရာနှင့် ပရိနိဗ္ဗာန်စံတော် မူရာ အထိမ်းအမှတ်စေတီတို့အား သွားရောက် ဖူးမြော်ပြီးနောက် ဂယာမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဟိုတယ်တွင် Check In ပြုလုပ်ပြီး ညစာ သုံးဆောင်ကာ တစ်ညတာ အိပ်စက်အနားယူပါမည်။


Day 3

  
NewDhana Tour | Myanmar

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဒုက္ကရစရိယာကျင့်တော်မူရာ ဉရုဝေလတော ၊ သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်းကပ်သည့်နေရာ၊ မြက်ရှစ်ဆုပ် လှူဒါန်းရာနေရာ၊ သုဇာတာသူဌေး၏ နေအိမ်တွင် တည်ထားသည့်စေတီတို့ကို ဖူးမြော်ကြမည်ဖြစ်ပါသည်။ ထို့နောက် ဟိုတယ်တွင် နေ့လည်စာ သုံးဆောင်ပါမည်။ ညနေပိုင်းတွင် ပေ၈၀မြင့်သော ဂျပန်ကမာကုရ ဘုရားကြီးအား သွားရောက် ဖူးမြော်ပါမည်။ ထို့နောက် ဂယာအပြန်လက်ဆောင် ဈေးဝယ်ပါမည်။ ဟိုတယ်တွင် ညစာ သုံးဆောင်ပြီး တစ်ညတာ အိပ်စက် အနားယူပါမည်။


Day 4

  
NewDhana Tour | Myanmar

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မဟာဗောဓိပင်သို့သွားကာ ထပ်မံဖူးမြော်ကန်တော့ပါမည်။ ထို့နောက်နေ့လည်စာ သုံးဆောင်ပြီးနောက် MNA လေကြောင်းလိုင်းဖြင့် နေ့လည် (၁၈:၀၀)နာရီတွင် ဂယာမြို့မှ ပြန်လည်ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ (၂၁:၁၅) နာရီတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ပါသည်။ (လေယာဥ်ချိန် အပြောင်းအလဲရှိနိုင်ပါသည်)


Partner 1
Partner 2
Partner 3
Partner 4
Partner 5

Contact Us

No.413(A), Corner of 11th & 9th Street, Ward (11), South Okkala Township, Yangon, Myanmar.

Newsletters

Calendar

Copyright @ 2013-2019. New Dhana S.L. All rights reserved. Terms & Condition   Privacy Policy