Day 1
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂျပန်လေကြောင်းလိုင်း (ANA) NH 814 ဖြင့် ည ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ထွက်ခွာပြီး လေယာဉ်ပေါ်တွင် အိပ်စက်အနားယူပါမည်။ နံနက် (၆း၅၀)တွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး (၁)နာရီခန့်(48.3Km) စီးနင်းရသော အုရှိကုရပ်တော်မူဘူရားသို့ လိုက်လံပို့ဆောင် ပေးပြီးနောက် တိုကျိုမြို့သို့သွားပါမည်။ (၁)နာရီခန့် ကြာမြင့်ပြီး 60.2km ဝေးပါသည်။ ထို့နောက် တိုကျိုမြို့၏ ရှေးအကျဆုံး နှင့် အကြီးဆုံး ဘုရားကျောင်းဆောင် Asakusa Kannon Temple အား လည်ပတ်ကြည့်ရှုပြီး Tokyo Sky Tree သို့ လမ်းလျှောက်၍ သွားပါမည်။ Sky Tree ပေါ်သို့ မတက်ပါ။ နေ့လည်စာကို Local Restaurant တွင်သုံးဆောင်ပါမည်။ ပြီးလျှင် ဘုရင့်နန်းတော်အဝင်ဝတွင် ဓါတ်ပုံရိုက်ပြီး၊ Tokyo Tower တို့ကို တက်ရောက် လည်ပတ်ပါမည်။ ညစာသုံးဆောင်ပါမည်။ ထို့နောက် Hotel သို့ Check In ဝင်ကာ အိပ်စက်အနားယူပါမည်။
Day 2
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ၈နာရီတွင် ဟိုတယ်မှထွက်ခွာပါမည်။ Hotel Check Out လုပ်ဆောင်ပါမည်။ ထို့နောက် ကားဖြင့် ဂျပန်နိုင်ငံ၏ နာမည်ကြီး Kotoku Kamakura Great Buddha ကို ဖူးမြှော်နိုင်ရန် ကမာကုရ (Kamakura) သို့ သွားရောက်ပါမည်။ နေ့လည်စာအား ဂျပန်စတိုင် ထမင်းဘူးဖြင့်ဧည့်ခံပါမည်။ ဖူဂျီတောင်အား မြင်ရသော Ashiko တွင် သဘောၤစီးပါမည်။ ကမ္ဘာ့ငြိမ်းချမ်းရေးပန်းခြံအတွင်းရှိ ဦးနုဘုရားသို့သွားပါမည်။ ဟိုတယ် Check In ဝင်ပါမည်။ ညစာကိုဟိုတယ်တွင် ဘူဖေးသုံးဆောင်ပါမည်။ ဟိုတယ်ရှိ ဂျပန်စတိုင် သဘာဝရေပူစမ်းသို့လည်း ပျော်ပျော်ပါးပါး ဝင်ရောက်နိုင်ပါသည်။
Day 3
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ၈နာရီတွင် ဟိုတယ်မှထွက်ခွာပါမည်။ Hotel Check Out လုပ်ဆောင် ပါမည်။ ကားဖြင့် ဂျပန်နတ်ရေကန်ဟုတင်စားသော Oshino Hakai နှင့် ဂျပန်ကျေးရွာသို့ ပို့ဆောင်ပေးပါမည်။ ထို့နောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖူဂျီတောင် Mt.Fuji, ငါးဆင့်အထိသွားရောက်ကြပါမည်။ နေ့လည်စာအား Fuji Terrace တွင် သုံးဆောင်ပါမည်။ ပြီးလျှင် တိုကျိုသို့ ဆက်လက်ထွက်ခွာပါမည်။ Branded ဆိုင်များနှင့် နာမည်ကျော် Shiseido Cookie ဆိုင်နှင့် Shoppingများ များတည်ရှိရာ Ginza တွင်ဈေးဝယ်ထွက်ပါမည်။ နောက်ဆုံးပေါ် ပစ္စည်းများ စုံစည်းရာ အီခဲဘုခုရို တို့တွင်လည်း ဈေးဝယ်ထွက်နိုင်ရန် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ညစာအသုံးဆောင်ပါမည်။ Hotel Check In ဝင်ပါမည်။
Day 4
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ထို့နောက် အလွန်ပင် စိတ်လှုပ်ရှားဖွယ်ရာ၊ ပျော်ရွယ်ဖွယ်ရာ ကောင်းသော ကစားကွင်းကြီးဖြစ်သည့် Tokyo Disney Land သို့ရထားဖြင့် ပို့ဆောင်ပါမည်။ (၄၅)မိနစ်ခန့် စီးနှင်းရပါမည်။ အပြန်လမ်းအား ဧည့်လမ်းညွန်မှ ပြသပေးပါမည်။ မိမိတို့ဘာသာ ရထားဖြင့် ဟိုတယ်သို့ ပြန်လာကြပါမည်။
Day 5
ဟိုတယ်တွင် နံနက်စာ သုံးဆောြင်ပီးနောက် တိုကျိုမြို့ အားလည်ပတ်ကြပါမည်။ Akihabara, harajuku, shinjuku, ikebukuro, odaiba, rainbow bridge, HACHIKO ခွေးရုပ်ဘူတာ ရှိဘုယ နေရာများအား လည်ပတ်ပါမည်။ ရထားဖြင့် ဧည့်လမ်းညွန်မှ လိုက်လံပို့ဆောင်ပေးပါမည်။
Day 6
မနက် ၆ နာရီတွင် ဟိုတယ် Check Out ပြုလုပ်ပါမည်။ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာပါမည်။ နာရီတာ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ဂျပန်လေကြောင်းလိုင်း ( ANA ) ဖြင့် ဒေသစံတော်ချိန် နေ့လည် (၁၃း၄၀) နာရီတွင် စတင်ထွက်ခွာပြီး ရန်ကုန် အပြည်ပြည်ဆိုင် လေဆိပ်သို့ ဒေသစံတော်ချိန် ညနေ (၁၈:၂၀) နာရီ တွင် ပြန်လည် ရောက်ရှိ ကြပါမည်။
No.413(A), Corner of 11th & 9th
Street,
Ward
(11),
South Okkala Township, Yangon, Myanmar.