Day 1

  
NewDhana Tour | Myanmar

ဗီယက်နမ်နိုင်ငံ ဟနွိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လာရောက်ကြိုဆိုသော ဒေသခံဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီးနောက် ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။ ဟိုတယ်တွင် Check In ဝင်ရောက်ပြီးနောက် ဟနွိုင်းမြို့ပေါ်ရှိဟိုတယ်တွင် တစ်ညတာအိပ်စက်အနားယူပါမည်။


Day 2

  
NewDhana Tour | Myanmar

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ ဟလောင်းကမ်းခြေသို့ ကားဖြင့်သွားရောက်ကြပါမည်။ ကမ္ဘာ့သမိုင်းအမွေအနှစ် (World Heritage) မှတ်တမ်းဝင်ဖြစ်သော အလွန်တရာလှပသည့် ဟလောင်းကမ်းခြေ အား တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ဟလောင်းကမ်းခြေမှပင်လယ်သို့ အပျော်စီးသင်္ဘောဖြင့်ထွက်ခွာကြကာ အနီးပတ်ဝန်းကျင်ရှိ ထုံးကျောက်ဂူများ နှင့် ပင်လယ်ရှိအလှအပများကို ခံစားကြည့်ရှုကြရမည်ဖြစ်ပါသည်။


Day 3

  
NewDhana Tour | Myanmar

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟနွိုင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ နေ့လည်စာကိုဒေသခံစားသောက်ဆိုင်တစ်ခုတွင်တည်ခင်းဧည့်ခံပြီးနောက် AEON Mall တွင်ဈေးဝယ်ထွက်ရန် လိုက်လံပို့ဆောင်ပေးပါမည်။ ဈေးဝယ်ထွက်ပြီးနောက် Hoan Kiem Lake, Ngoc Son Temple, Tran Quoc Pagoda, One Pillar Pagoda အစရှိသည့်နေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်ပါသည်။ ဟနွိုင်းမြို့၏ နာမည်ကျော်ကြားလှသော ရိုးရာပွဲတစ်ခုဖြစ်သည့် ရေပေါ်ရုပ်သေးပြပွဲအား ကြည့်ရှုကြပြီးနောက် အမျိုးပေါင်း ၂၀၀ ကျော်ပါဝင်သောဘူဖေးညစာဖြင့် တည်ခင်းဧည့်ခံပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်လည်ပို့ဆောင်ကာ အိပ်စက်အနားယူပါမည်။


Day 4

  
NewDhana Tour | Myanmar

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှထွက်ခွာရန် Check Out ပြုလုပ်ကြပါမည်။ ထို့နောက်ဗီယက်နမ်အမျိုးသားတော်လှန်ရေးခေါင်းဆောင်ကြီးဟိုချီမင်း၏နေအိမ်နှင့်ပြတိုက်သို့လိုက်လံပို့ဆောင် ပေးပါမည်။ (အပတ်စဉ် တင်္နလာနှင့် သောကြာနေ့များတွင် ပိတ်ပါသည်) ဆက်လက်၍ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးစာပေတက္ကသိုလ် Temple of Literature သို့လည်း သွားရောက် လေ့လာကြပါမည်။ နေ့လည်စာဖြင့်တည်ခင်းဧည့်ခံပြီးနောက် လေဆိပ်သို့ လိုက်လံပို့ဆောင်ပေးပါမည်။


Partner 1
Partner 2
Partner 3
Partner 4
Partner 5

Contact Us

No.413(A), Corner of 11th & 9th Street, Ward (11), South Okkala Township, Yangon, Myanmar.

Newsletters

Calendar

Copyright @ 2013-2019. New Dhana S.L. All rights reserved. Terms & Condition   Privacy Policy